ဖုန်းလုပ်ဖို့က မိတ်ဆွေတို့သိထားတဲ့အတိုင်း တချို့ process တွေကများပါတယ် အဲဒီတော့မေးချင်တယ်ဆိုရင် ဘယ်နေရာမှာ ဘာတွေလုပ်ပြီးပြီ ဘယ်အဆင့်ထိရောက်နေပြီ ဘယ်နားလေးမှာ မရသွားတာ ဆိုတာကို သေချာပြောပြထားပေးပါ မိတ်ဆွေတို့ လုပ်နေတဲ့ process ကို ကျနော်ဝင်လုပ်နေတာမဟုတ်တဲ့အတွက် ဘာဖြစ်လို့မရတာလဲဆိုတာ ချက်ချင်းမသိနိုင်ပါဘူး မိတ်ဆွေတို့သာ မရတာကိုသေချာ ပြောပြမယ်ဆိုရင် သေချာစဉ်းစားပြီး တိကျတဲ့အဖြေကိုပြန်ပြောပြပေးနိုင်မှာဖြစ်ပါတယ် ပြီးရင်ဘာလုပ်နေတယ်ဆိုတာ သေချာပြောပြပါ ဥပမာ unofficial bootloader unlock နည်းလာမေးတယ် ဆိုပါစို့ အဲဒီ bootloader unlock က ဘာအတွက်လိုချင်တာလဲဆိုတာပါပြောပြပါ အဲဒါမှ လုပ်သင့်မလုပ်သင့် ဘာလုပ်သင့်တယ်ဆိုတာကို သေချာ လမ်းညွှန်ပေးနိုင်မှာဖြစ်ပါတယ်... ပေးထားတဲ့နည်းနဲ့အဆင်မပြေ ဖြစ်နေတယ်ဆိုရင် မေးသာ မေးထား လိုက်ပါ ကိုယ်လုပ်တဲ့အဆင့်ကိုလဲသေချာပြောထားပါ အားတဲ့အချိန်တိုင်း ပြန်ဖြေပေးပါသည်... ပြန်ဖြေပေးတဲ့အခါမှာ အတိုဆုံးနဲ့အရိုးရှင်းဆုံး စာများပို့ပေးပါတယ် ဥပမာ mrt အသုံးပြုစေလိုလျှင် mrt use , firmware flash စေလိုလျှင် fw try flash နှင့် ကြည့်သင့်သော link များပို့ပေးပါတယ် Link များကို သေချာကြည့်စေ
Comments
Post a Comment